NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 35

သင်ခန်းစာ 35

အကြွေးဝယ်ကတ်သုံးလို့ရပါသလား။

ဆူရှီကို စက်ခါးပတ်ပေါ်တင်ပြီး မှ ဧည့်သည်ရဲ့ ရှေ့အရောက်ပို့ ပေးတဲ့ဆိုင်မှာ အန်းနာဟာ ခဲန်းတာနဲ့အတူ လတ်ဆတ်တဲ့ဆူရှီကို စားခဲ့ပါတယ်။

သင်ခန်းစာ 35 ၁ဝ မိနစ်

အဓိက စကားပြောများ

KUREJITTO KÂDO WA TSUKAEMASU KA

သင်ခန်းစာ စာမူများ

健太 お勘定をお願いします。 ကျေးဇူးပြုပြီး ကျသင့်ငွေတွက်ပေးပါ။
ခဲန်းတာ OKANJÔ O ONEGAI SHIMASU.
ကျေးဇူးပြုပြီး ကျသင့်ငွေတွက်ပေးပါ။
店員 全部で5200円です。 စုစုပေါင်းယန်း ၅၂ဝဝ ကျပါတယ်။
ဆိုင်ဝန်ထမ်း ZENBU DE GOSEN NIHYAKU EN DESU.
စုစုပေါင်းယန်း ၅၂ဝဝ ကျပါတယ်။
健太 クレジットカードは使えますか。 အကြွေးဝယ်ကတ်သုံး လို့ရပါသလား။
ခဲန်းတာ KUREJITTO KÂDO WA TSUKAEMASU KA.
အကြွေးဝယ်ကတ်သုံး လို့ရပါသလား။
店員 はい、使えます。 ဟုတ်ကဲ့ ... သုံးလို့ရပါတယ်။
ဆိုင်ဝန်ထမ်း HAI, TSUKAEMASU.
ဟုတ်ကဲ့ ... သုံးလို့ရပါတယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

ကိန်းဂဏန်း နံပါတ်များ (၃)

နံပါတ်တွေကိုလေ့လာကြရအောင်။သင်ကြားရေး အထောက်အကူပြုပစ္စည်း စာမျက်နှာသို့သွားပါ။

သင်ပေးပါဆရာမ

လုပ်နိုင်တာ၊ လုပ်ခွင့်ရှိတာကိုဖော်ပြတဲ့ကြိယာပုံစံ
လုပ်နိုင်တာလုပ်ခွင့်ရှိတာကိုဖော်ပြတဲ့ကြိယာပုံစံမှာ အဓိပ္ပာယ် ၂ မျိုးရှိပါတယ်။ ပထမတစ်ခုက တစ်စုံတစ်ခုကိုလုပ်နိုင်တယ်ဆိုတာကို ဖော်ပြပါတယ်။

အိုနိုမာတိုပဲ

လျှပ်စစ်ပစ္စည်းတွေကထွက်လာတဲ့အသံများ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ခဲန်းတာ က ကျွန်မကို ဆူရှီလိုက်ကျွေးပါတယ်။ စားပြီးတဲ့အချိန်မှာ GOCHISÔSAMA DESHITA လို့ပြောတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို အစားအသောက်နဲ့ ဧည့်ခံ ကျွေးမွေးတဲ့အခါမှာလည်း GOCHISÔSAMA DESHITA လို့ကျေးဇူးတင်စကားပြောရပါတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။