NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 34

သင်ခန်းစာ 34

နူးနူးညံ့ညံ့လေးနဲ့ အရသာရှိတယ်

အန်းနာဟာ ခဲန်းတာနဲ့ အတူကျောင်းပွဲတော်ကို သွားခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ ဆူရှီဆိုင်မှာသွားစားကြပါတယ်။

သင်ခန်းစာ 34 ၁ဝ မိနစ်

အဓိက စကားပြောများ

YAWARAKAKUTE OISHII DESU

သင်ခန်းစာ စာမူများ

健太 あっ、トロが来た。 အိုး ... တိုရို လာပြီ။
ခဲန်းတာ A', TORO GA KITA.
အိုး ... တိုရို လာပြီ။
アンナ トロって何ですか。 တိုရို ဆိုတာဘာလဲ။
အန်းနာ TORO TTE NAN DESU KA.
တိုရို ဆိုတာဘာလဲ။
健太 マグロのおなかの部分です。どうぞ。 တူနာငါးရဲ့ ဗိုက် သားအပိုင်းပါ။ ကျေးဇူးပြုပြီးသုံး ဆောင်ပါ။
ခဲန်းတာ MAGURO NO ONAKA NO BUBUN DESU. DÔZO.
တူနာငါးရဲ့ ဗိုက် သားအပိုင်းပါ။ ကျေးဇူးပြုပြီးသုံး ဆောင်ပါ။
アンナ いただきます。
やわらかくておいしいです。
စားပါတော့မယ်။ (စားပြီနော်)
နူးနူးညံ့ညံ့လေးနဲ့ အရသာရှိတယ်။
အန်းနာ ITADAKIMASU.
YAWARAKAKUTE OISHII DESU.
စားပါတော့မယ်။ (စားပြီနော်) နူးနူးညံ့ညံ့လေးနဲ့ အရသာရှိတယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  TTE NAN DESU KA

ကိုယ်မကြားဖူးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို မေးချင်တယ်ဆိုရင် စကားလုံးရဲ့ နောက်မှာဆိုတာ ဘာလဲလို့အဓိပ္ပာယ်ရတဲ့ TTE NAN DESU KA ကို ပေါင်းထည့်ပြီး ပြောရပါတယ်။ 

TE-ပုံစံ နာမဝိသေသန+ နာမဝိသေသန

၂ ခု ဒါမှမဟုတ် ၂ ခုထက်ပိုတဲ့နာမဝိသေသနတွေကို အတူသုံးပြီးနာမ်ကို အထူးပြုချင်တယ်ဆိုရင် ပထမနာမဝိသေနကို TE ပုံစံပြောင်းပြီးပြောပါ။ သင်​​ပေးပါ ဆရာမကဏ္ဍကို စမယ်နော်။

သင်ပေးပါဆရာမ

TE-ပုံစံ နာမဝိသေသနကို ဘယ်လိုလုပ်ရလဲ။
၂ ခု ဒါမှမဟုတ် ၂ ခုထက်ပိုတဲ့ နာမဝိသေသနတွေကို သုံးပြီး နာမ်ကို အထူးပြုချင်တယ်ဆိုရင် (ပထမ) နာမဝိသေသနကို TE ပုံစံကိုပြောင်းပြီး ပြောရပါမယ်။

အိုနိုမာတိုပဲ

အစားအသောက်တွေရဲ့အရသာ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးတဲ့ သူကို ကျေးဇူးတင်တဲ့အနေနဲ့ မစားခင်မှာ ITADAKIMASU လို့ပြောရတယ်တဲ့။ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် စတာတွေကို မွေးမြူစိုက်ပျိုးပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ပြောရတာပါ။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။