NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > အဘိဓာန်ပုံစံကြိယာ + MAE NI (သင်ခန်းစာ 46)

သင်ပေးပါဆရာမ

အဘိဓာန်ပုံစံကြိယာ + MAE NI (သင်ခန်းစာ 46)

MAE NI (မတိုင်ခင်) ဆိုတာကိုတစ်စုံ တစ်ရာမဖြစ်ခင် မလုပ်ခင်မှာ အခြားတစ်ခုခုကိုလုပ်တယ်ဆိုတာကို အလေးပေးဖော်ပြဖို့ သုံးပါတယ်။ MAE NI (မတိုင်ခင်) ရဲ့ရှေ့ကကြိယာက အဘိဓာန်ပုံစံဖြစ်ရပါမယ်။
ဝါကျတစ်ကြောင်းလုံးက အတိတ်ကာလဖြစ်နေတယ်ဆိုရင်တောင်မှ MAE NI ရဲ့ရှေ့ကကြိယာက ပစ္စုပ္ပန်ကိုဖော်ပြတဲ့ အဘိဓာန်ပုံစံဖြစ်ရပါမယ်။

ထမင်းမစားမီ လက်ဆေးခဲ့တယ်ဆိုတာကို ဂျပန်လိုပြောကြည့်ရအောင် ။ ထမင်းကို GOHAN လို့ပြောပါတယ်။ စားတယ်၊စားမယ်ဆိုတာက TABEMASU ။ သူ့ရဲ့ အဘိဓာန်ပုံစံက TABERU ပါ။ လက်ကို TE လို့ပြောပါတယ်။ ဆေးတယ်ဆေးမယ်ဆိုတာက ARAIMASU ပါ။ သူ့ရဲ့အတိတ်ကာလပုံစံက ARAIMASHITA ဖြစ်ပါတယ်။ ဒီတော့ အားလုံးပေါင်းလိုက်ပြီး ဝါကျဖွဲ့ကြည့်မယ်ဆိုရင် GOHAN O TABERU MAE NI TE O ARAIMASHITA.လို​ပြောလို့ရပါတယ်။ နောက်ထပ်စကားလုံးတစ်လုံးကို သင်ပေးချင်ပါတယ်။ တစ်ခုခုလုပ်ပြီးတဲ့အခါ နောက်ထပ်တစ်ခုခု လုပ်တယ်ဆိုတာကို အလေးပေး ပြောချင်တဲ့အခါ ATO DE (ပြီးနောက်) ကိုသုံးပါတယ်။ ATO DE ရဲ့ရှေ့မှာ TA ပုံစံကြိယာကို သုံးရပါတယ်။ TA ပုံစံကြိယာကို အတိတ်ကာလ ဒါမှမဟုတ် ခုလေးတင်ပြီးသွားတဲ့ ကိစ္စတွေမှာ သုံးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဝါကျတစ်ကြောင်း လုံးက ပစ္စုပ္ပန်ကာလဖြစ်နေရင်တောင် ATODE ရဲ့ရှေ့မှာ TA ပုံစံကြိယာကို သုံးရပါတယ်။

ထမင်းစားပြီးတဲ့အခါ ပန်းကန်ဆေးတယ် ဆိုတာကို ဂျပန်လိုပြောကြည့် ရအောင်။ စားတယ်၊ စားမယ်ရဲ့ TA ပုံစံက TABETA ပါ။ပန်းကန်ကှိ SARA လို့ပြောပါတယ်။ ယဉ်ကျေးတဲ့ပုံစံဆိုရင်တော့ OSARA လို့ပြောရပါတယ်။ အဲဒီတော့ ထမင်းစားပြီးတဲ့အခါ ပန်းကန်ဆေးတယ် ဆိုတာကို GOHAN O TABETA ATO DE,OSARA O ARAIMASUလို့ပြောရပါတယ်။
အကျဥ်းချုပ် ဆိုရရင် MAE NI (မတိုင်မီ) ရဲ့ရှေ့မှာ အဘိဓာန်ပုံစံကြိယာ တွေနဲ့ ATO DE (ပြီးနောက်) ရဲ့ရှေ့မှာ TA ပုံစံကြိယာကို ထားရပါတယ်။ အဲဒီ ၂ ခုကို အတွဲလိုက် အလွတ်မှတ်ထားရပါမယ်။
NHK website ကနေထွက်ပါမယ်။