စစ်ရဲ့ အနိဌာရုံများကို သယ်ဆောင်လာသော ယူကရိန်း စစ်မြေပြင်မှသတင်းထောက်များ

ကိုယ့်မွေးရပ်မြေက စစ်မြေပြင် ဖြစ်သွားချိန်မှာ သတင်းထောက် တစ်ယောက်ရဲ့ဘဝဟာ ဘယ်လို ပြောင်းလဲသွားသလဲ? Ukraine ရဲ့မြို့တော် Kyiv ကို အပြင်းအထန် ဗုံးကျဲခံနေရချိန်မှာတောင် ပြည်သူ့ရုပ်သံလွှင့်ဌာန Suspilne အနေနဲ့ ဗုံးခိုကျင်းထဲက ယာယီ စတူဒီယိုကနေ သတင်းတွေကို ထုတ်လွှင့်နေ ခဲ့ရပါတယ်။ NHKက မြေပြင်မှာ အလုပ်လုပ်နေတဲ့ Suspilne ရုပ်သံရဲ့ သတင်းထောက်တွေနောက်ကို လိုက်ပြီး သတင်းယူထားပါတယ်။ ဖိအားအမျိုးမျိုးအောက်မှာ အလုပ်လုပ်ရင်း မျက်စိရှေ့က စစ်ရဲ့ အနိဌာရုံတွေကို လူတွေသိစေဖို့ ကြိုးစားပြီး သတင်းတွေ ယူနေကြပါတယ်။ ကိုယ့်အိမ်ရှေ့ တံခါးဝကို ရောက်နေတဲ့ နှလုံးသားမဲ့ တဲ့ စစ်ပွဲရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေ၊ သေဆုံးမှုတွေ၊ ရောက်လာပြီဆိုရင်သတင်းထောက် တစ်ယောက်ရဲ့ ယထာဘူတ ကျတဲ့ အမြင်နဲ့ သတင်းတွေကို ဆက်ပြီး တင်ဆက်နေဖို့ ဘယ်လိုလုပ်ကြရလဲ? ခံစားကြည့်ရှုပါ။