ဂျပန်စာပေမွေ့ပျော်ချိန်- “ဆရာ့အကြောင်းကောလာဟလ”

“ဆရာ့အကြောင်းကောလာဟလ” က အလယ်တန်းကျောင်းက ဆရာတစ်ယောက်နဲ့ ပတ်သက်တဲ့ ဆွဲဆောင်မှုရှိတဲ့ အက်ဆေးပါ။ အနုပညာဘာသာရပ် ဆရာ အာအိုးယာမ ဟာ နည်းနည်း ပုံမလာတဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အကြောင်းတချို့ကြောင့် ကျောင်းသားကျောင်းသူတွေရဲ့ နှစ်သက်မှုခံရပြီး ရေပန်းစားသူ ဖြစ်ပါတယ်။ သူ့အကြောင်း ကောလဟာလတစ်ခု ပျံ့နှံ့လာပြီး အဲဒါက ဆရာ့ရဲ့ ပုံရိပ်ကို ပိုထင်ဟပ်ကာ သူ့အပေါ် စိတ်ဝင်စားမှုတွေ ပိုတိုးလာပါတယ်။
ဒီအက်ဆေးကိုရေးသားသူ စာရေးဆရာမ Kodama ဟာ ကျောင်းဆရာမတစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ သူ့လက်ရာအများအပြားဟာ ကရုဏာသက်စရာတွေရော ရယ်မောစရာဟာသတွေနဲ့ ခံစားမှုရသစုံပါတယ်။ သူမွေးဖွားကြီးပြင်းခဲ့တဲ့ ရွာအကြောင်း၊ သူ့မိသားစုနဲ့ သူဖြတ်သန်းခဲ့ရတဲ့ဘ၀တစ်လျှောက် တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ရေးထားတဲ့ သူ့လက်ရာတွေက စာဖတ်သူတွေရဲ့ အတိတ်ကအမှတ်တရတွေ ပြန်ပေါ်လာအောင် ပြန်လည်တူးဆွပေးနိုင်စွမ်း ရှိပါတယ်။ “ဆရာ့အကြောင်းကောလာဟလ” ဆိုတဲ့ သူ့ရဲ့ အလယ်တန်းကျောင်းသူဘဝ အမှတ်တရတွေကိုဖော်ပြတဲ့ ဒီဇာတ်လမ်းက ကိုယ်ပိုင်ဟန် စိတ်ကူးစိတ်သန်းတွေကို ခံစားနိုင်တဲ့ အက်ဆေးလက်ရာတစ်ခု ဖြစ်ပါတယ်။
ဒီအက်ဆေးဇာတ်လမ်းလေးကို NHK WORLD− JAPAN က ကိုငယ်နဲ့ ပွင့်တို့က တင်ဆက်ထားပါတယ်။ စောင့်မျှော်နားဆင်ကြပါနော်။