လွယ်ကူသော ဂျပန်စကား

ဂျပန်စကားကို လွယ်လွယ်ကူကူ သင်ယူနိုင်မယ့် အစီအစဉ်တွေပါ။ အပတ်စဉ် ၁၀မိနစ်စာ တင်ဆက်နေတဲ့ သင်ခန်းစာကို ရေဒီယိုနဲ့ ဖမ်းယူနားဆင်နိုင်သလို အွန်လိုင်း ကနေလည်း အရုပ်ရော အသံနဲ့ပါ ကြည့်ရှု နားဆင်ရင်း သင်ယူနိုင်ပါတယ်။ သီတင်းပတ် ၄၈ ပတ်စာ သင်ကြားမယ့်သင်ခန်းစာဇာတ်လမ်းတွေကနေ အခြေခံ ဂျပန်စကားနဲ့စကားပြော အမျိုးမျိုးကို လေ့လာနိုင်ပါတယ်။ သင်ခန်းစာ ဇာတ်လမ်းတွေထဲက စကားလုံး အသုံးအနှုန်းတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူ မှတ်မိနိုင်မယ့် အသုံးအနှုန်းတွေ ဖြစ်ပါတယ်။ အစီအစဉ်ထဲမှာ ဂျပန့် ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေအပြင် ခရီးအလည်အပတ် သွားနိုင်တဲ့ နေရာအမျိုးမျိုး နဲ့ပတ်သက်ပြီး သတင်းအချက်အလက် တွေ ထည့်သွင်းထားပါတယ်။ နားထောင်ရင်း သင်ယူကြည့်ပါ။ ဂျပန်စကား ပြောနိုင် လာပါမယ်။