Learn Japanese from the News " သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား "

"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့ “Yamanashi ခရိုင်ကနေ ဖူဂျီတောင်တက်တဲ့အခါ လမ်းအသုံးပြုခအနေနဲ့ တစ်ယောက်ကို ယန်း ၂,၀၀၀ ပေးဆောင်ရမယ်” ဆိုတဲ့သတင်းနဲ့ “အစိုးရက နိုင်ငံခြားသား အထူးကျွမ်းကျင်လုပ်သားဆိုင်ရာ လုပ်ငန်းနယ်ပယ်ကို တိုးချဲ့သတ်မှတ်လိုတယ်” ဆိုတဲ့ သတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေနဲ့ အဲဒီစကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။
ဒီအစီအစဉ်အပြီးမှာတော့ “သတင်းတွေထဲကဂျပန်စာပဟေဠိ” ဆိုတဲ့အစီအစဉ်ကို ဆက်လက်တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။