Learn Japanese from the News " သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား "

"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့ “မီးသတ်တပ်ဖွဲ့မှာ လူမလုံလောက်ပေမဲ့ Noto ကျွန်းဆွယ်ငလျင်ဘေးသင့်ဒေသမှာ လူအများအပြားကို ကယ်တင်ခဲ့” ဆိုတဲ့သတင်းနဲ့ “သယ်ယူပို့ဆောင်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေအတွက် အချိန်ပိုဆင်းခြင်းဆိုင်ရာ စည်းကမ်း တင်းကျပ်လာ” ဆိုတဲ့ သတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေနဲ့ အဲဒီစကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။
ဒီအစီအစဉ်အပြီးမှာတော့ “သတင်းတွေထဲကဂျပန်စာပဟေဠိ” ဆိုတဲ့အစီအစဉ်ကို ဆက်လက်တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။