ဂျပန်စာပေမွေ့ပျော်ချိန်- "ရုံးမသွားချင်တဲ့ တာနာကာစန်"

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ရုံးကိုမသွားဘဲ အပြင်ကနေ ဆက်သွယ်လုပ်ရတဲ့ remote work ပုံစံက အဆန်းအပြားမဟုတ်တော့တဲ့ အနေအထားဖြစ်လာနေပါပြီ။ ဂျပန်က ကုမ္ပဏီတွေမှာလည်း အလုပ်လုပ်တဲ့ပုံစံတွေ ပြောင်းလဲလာနေပါတယ်။ အခုတစ်ကြိမ်တင်ဆက်မယ့် ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်ကတော့ ဘယ်ကုမ္ပဏီမှာမဆို ရှိတတ်တဲ့ မာနခပ်ကြီးကြီး လူလတ်ပိုင်း ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ သူက လုပ်ပုံကိုင်ပုံ နည်းလမ်းဟောင်းတွေကိုပဲ စွဲစွဲလမ်းလမ်း ဖက်တွယ်ထားပြီး အလုပ်နည်းလမ်းသစ်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ဖို့ အတော်လေးကို ရုန်းကန်နေရပါတယ်။ စိတ်ပင်ပန်း ညစ်ညူးနေတဲ့ သူ့ရဲ့သွင်ပြင်ကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ပုံဖော်ရေးသားထားတဲ့ ဇာတ်လမ်းလေးပါ။
ကုမ္ပဏီဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး အလုပ်ဆိုင်ရာ ဝတ္တုတွေကို အဓိထား ရေးသားသူ စာရေးဆရာမ Akeno Kaeruko ရဲ့လက်ရာ “ရုံးမသွားချင်တဲ့ တာနာကာစန်”ဆိုတဲ့ ဒီဝတ္ထုဇာတ်လမ်းကို NHK WORLD− JAPAN က ကိုငယ်နဲ့ ကိုမင်းခန့်တို့က သရုပ်ဖော် တင်ဆက်ထားပါတယ်။ စောင့်မျှော်နားဆင်ကြရအောင်။