"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်

ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း နဲ့အတူ “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍကို တင်ဆက်မှာ ဖြစ်ပါမယ်။ ပထမဆုံး “အိုးသူခိုး” လို့ အမည်ပေးထားတဲ့ လာကုဂိုးဇာတ်လမ်းကို နားဆင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် NHK WORLD-JAPAN က ကိုငယ်နဲ့ ကေသွယ်တို့တင်ဆက်မယ့် “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍမှာတော့ "လျှာဖြတ်ခံရတဲ့ စာကလေး" ဆိုတဲ့ ပုံပြင်ကို နားဆင်ကြရပါမယ်။ ပုံပြင်လေးကို နားထောင်ရင်းနဲ့ အဲဒီထဲက အိုနိုမာတိုပဲ စကားလုံးတွေကိုလည်း လေ့လာမှတ်သားနိုင်မှာမို့ စောင့်မျှော်နားဆင်ကြပါနော်။