"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်

ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း နဲ့အတူ “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍကို တင်ဆက်မှာ ဖြစ်ပါမယ်။ လာကုဂိုးဇာတ်လမ်းနာမည်ကိုတော့ "အီခုယောမိုချိ" လို့ အမည်ပေးထားပါတယ်။ အဲဒီနောက် NHK WORLD-JAPAN က ကိုငယ်နဲ့ ကေသွယ်တို့တင်ဆက်မယ့် “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍမှာတော့ “လက်အိတ်ဝယ်ဖို့ သွားကြမယ်” လို့အဓိပ္ပါယ်ရတဲ့ ဂျပန်ပုံပြင်လေးကို နားဆင်ခံစားရမှာ ဖြစ်ပါတယ်။ ပုံပြင်လေးကို နားထောင်ရင်းနဲ့ ပုံပြင်ထဲက အိုနိုမာတိုပဲ စကားလုံးတွေကိုလည်း လိုက်ပါမှတ်သားနိုင်မှာပါ။ စောင့်မျှော်နားဆင်ကြပါနော်။

အစီအစဉ်တင်ဆက်သူ ကိုငယ်
အစီအစဉ်တင်ဆက်သူ ကေသွယ်