ဂျပန်စာပေမွေ့ပျော်ချိန်−“အသက်ပြင်းပြင်း ရှူသွင်းပါ” ပထမပိုင်း

မြို့ငယ်လေးတစ်မြို့မှာနေထိုင်တဲ့ အလယ်တန်းကျောင်းသူလေးတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့လို့နေပါတယ်။ သူက ကျောင်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် လူတွေက သူ့ကို ဘာပြောကြမလဲဆိုတာတွေးပြီး စိတ်ပူနေတာကြောင့် သူ့စိတ်ထဲရှိတာတွေကို ထုတ်မပြောရဲပါဘူး။ ဒါ့ကြောင့် ပတ်ဝန်းကျင်နဲ့အဆင်မပြေဘဲ အမြဲတမ်း အထီးကျန်လို့နေပါတယ်။ ဒါပေမဲ့ သူတန်ဖိုးထားတဲ့ ပိုင်ဆိုင်မှုတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ နိုင်ငံခြားသရုပ်ဆောင်တစ်ဦးပါဝင်တဲ့ ရုပ်ရှင်ကားတစ်ခုရဲ့ ကြော်ငြာ လက်ကမ်းစာစောင်တစ်ရွက်ပါ။ သူ မူလတန်းကျောင်းသူဘဝတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲမှာ အဲဒီသရုပ်ဆောင်ကိုမြင်ဖူးခဲ့တာ ဖြစ်ပြီး အထီးကျန်ဆန်ဆန် ဆွေးမြေ့နေတဲ့ အဲဒီသူရဲ့အမူအယာတွေကြောင့် စွဲလန်းနေခဲ့ပါတယ်။ အပြင်မှာ ဆုံတွေ့မှာ မဟုတ်မှန်း သေချာတဲ့ အဲဒီသူရဲ့ တည်ရှိနေမူက မိန်းကလေးကို အကောင်းမြင်စိတ်နဲ့ နေထိုင်ဖို့ ခွန်အားတွေ တဖြည်းဖြည်း ပေးစွမ်းနေခဲ့ပါတယ်။ “ အသက်ပြင်းပြင်း ရှူသွင်းပါ” လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းလေးကို NHK WORLD-JAPAN က ကိုငယ်နဲ့ ကေသွယ်တို့က တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီနေ့မှာ ဇာတ်လမ်း ပထမပိုင်းကို နားဆင်ပါ။