Ogata Korin ရဲ့ လက်ရာ တံတားရှစ်စင်းပုံပါတဲ့ စာရေးကိရိယာထည့် သေတ္တာလေး

ဂျပန့်သုခုမ အလှများရဲ့ နောက်ကြောင်းရာဇဝင် အစီအစဥ်ကနေ ဒီကနေ့ မှာ တံတားရှစ်စင်းပုံကို ဒီဇိုင်းပုံဖေါ် ရေးဆွဲထားတဲ့ စာရေးကိရိယာထည့်တဲ့ သေတ္တာလေးတစ်ခု အကြောင်း ဖြစ်ပါတယ်။ ဒီသေတ္တာလေးကို ဖန်တီးသူကတော့ ၁၈ ရာစုနှစ် အစပိုင်းလောက်က ဂျပန်ရိုးရာ ခေါက်ချိုးလိုက်ကာတွေမှာ ရေးချယ်တဲ့ ပန်းချီအနုပညာနဲ့ လူသိများတဲ့ အနုပညာရှင် Ogata Korin ဖြစ်ပါတယ်။ ဒီသေတ္တာလေးမှာ ရှေးစာပေ "The Tale of Ise" ထဲမှာပါတဲ့ အိုင်းရစ်ပန်းတွေ ဖူးပွင့် နေတဲ့ ရေစပ်မြင်ကွင်းကို ရွှေနဲ့ abalone လို့ခေါ်တဲ့ ဗောင်းခရုခွံ ကနုကမာတို့နဲ့ သရုပ်ဖေါ် ဖန်တီးထားပါတယ်။ ထူးခြားတဲ့ပုံစံနဲ့ ရိုးရာ အစဥ်အလာကို ဖေါက်ထွင်းထားတဲ့ Korin ရဲ့ ဖန်တီးမှုကို သိရှိခံစားနိုင်တဲ့ လက်ရာတစ်ခု အကြောင်းကို နားဆင်ကြည့်ပါ။
(၂၀၁၅ ခုနှစ် မေလ ၇ရက်နေ့ အစီအစဥ်ကို ပြန်လည်ထုတ်လွှင့်တာဖြစ်ပါတယ်။)

စာရေးကိရိယာထည့် သေတ္တာလေး