ဖူဂဲန်း ဘိုစာ့ဆု ပန်းချီပုံ (Samantabhadra Bodhisattva)
(Fugen Bosatsu zo)

၁၂ရာစုက ဟေးအန်းခေတ်မှာ ရေးဆွဲခဲ့တဲ့ အကောင်းဆုံး ဂျပန့် ဗုဒ္ဓဘာသာ ပန်းချီပုံ တစ်ပုံဖြစ်ပါတယ်။ အဲဒီခေတ်က ဂျပန်မှာ အများက ကိုးကွယ်ခဲ့ကြတဲ့ "ဟိုကက်ကယော" (Lotus Sutra)ထဲက မြင်ကွင်းတစ်ခုကို သရုပ်ဖော်ထားတဲ့ ပန်းချီပုံပါ။ အရောင်ဖျော့ဖျော့ ပန်းပွင့်ချပ်တွေ ဝေ့ဝဲကျနေတဲ့ကြားမှာ အစွယ် ၆ချောင်းနဲ့ ဆင်ဖြူကို စီးထားတဲ့ ဖူဂဲန်းဘိုစာ့ဆု(ဘုရားအလောင်း)က အရှေ့ဖက်မှာရှိတဲ့ သန့်ရှင်းစင်ကြယ်တဲ့ ကမ္ဘာကနေ ကိုးကွယ်သူရဲ့ ရှေ့မှာ ပေါ်လာတဲ့ အသွင်ကို ရေးဆွဲထားပါတယ်။ အရွယ်အစားက အနံ ၁၅၈.၈ စင်တီမီတာ၊ အလျားက ၇၄.၈စင်တီမီတာရှိပြီး ပိုးချည်ထည်ပေါ်မှာ ကျောက်မှုန် ပန်းချီဆေးနဲ့ ရွှေ၊ငွေ အရောင်တွေကိုသုံးပြီး ရေးဆွဲထားပါတယ်။ အဲဒီမှာ သေးသေးမျှင်မျှင် အချောင်းအဖြစ် ဖြတ်ထားတဲ့ ရွှေပြားကို ကပ်ပြီး ပုံဖော်တဲ့ "ခီရိခါနဲ" နည်းကို သုံးထားတဲ့ အဆင်က အလွန်လှပပါတယ်။ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေရဲ့ ချုပ်ကိုင်ခဲ့ကြတဲ့ ပဒေသရာဇ်တွေရဲ့ အကြိုက် လှပခန့်ညားတဲ့ပုံစံကို ရှိနေပေမဲ့ ဒီပန်းချီပုံ ပေါ်ပေါက်လာရတဲ့ နောက်ကွယ်မှာ တခြားအကြောင်းအရာတွေလည်း ရှိလို့နေပါတယ်.