"ဟာနိဝ" (မြေဖုတ် အရုပ်) ကေးအိကို သံချပ်ကာ၀တ် စစ်သည်
(Haniwa, Keiko no bujin)

ဟာနီဝဆိုတာ နီညိုညို မြေကြီးနဲ့ လုပ်ထားတဲ့ အတွင်းမှာ အခေါင်းပေါက်ဖြစ်နေတဲ့ ရိုးရိုးရှင်းရှင်း မြေထည်ပစ္စည်းဖြစ်ပြီး ၃ရာစုကနေ ၆ရာစု အကုန်အထိ အတွင်း ဂျပန်တလွှား တည်ဆောက်ခဲ့ကြတဲ့ အုပ်ချုပ်သူတွေရဲ့ သင်္ချိုင်း "ကိုဖွန်း"တွေက တူးဖော်ရရှိတဲ့ အရာတွေဖြစ်ပါတယ်။ ဟာနီဝမှာ အိမ်တွေ၊ လူတွေစတဲ့ ပုံသဏ္ဍန် အမျိုးမျိုးရှိပြီး ကိုဖွန်း သင်္ချိုင်းရဲ့ အပေါ်နဲ့ ပတ်ဝန်းကျင်မှာ စီတန်းထားခဲ့ကြတယ်လို့ သိထားရပါတယ်။ "ကေးအိကို သံချပ်ကာဝတ် စစ်သည်"ဟာ ၆ရာစုလောက်က ပြုလုပ်ခဲ့တဲ့ ဟာနီဝ အရုပ်တစ်ခုဖြစ်ပြီး ဂျပန် အရှေ့ပိုင်း ဂွန်းမခရိုင်ကနေ တွေ့ခဲ့တာပါ။ သံချပ်ကာ အင်္ကျီနဲ့ လက်နက်တွေကို အသေးစိတ် သရုပ်ဖော်ထားပြီး အဲဒီခေတ်က စစ်သည်တွေရဲ့ အသွင်အပြင်တွေကို အခုလည်း ပြသနေပါတယ်။ ဟာနီဝ အရုပ်တွေ အများကြီး ရှိတဲ့အထဲမှာ ဒီတစ်ရုပ်တည်း နိုင်ငံရတနာအဖြစ် သတ်မှတ်ခံထားရပါတယ်။ တံဆိပ်ခေါင်းပုံ အဖြစ်သာမက အာနီးမဲ ကာတွန်းရုပ်ရှင်ရဲ့ ဇာတ်ကောင် မော်ဒယ်တွေအဖြစ် အသုံးပြုနေကြပါတယ်။ ရှေးခေတ်က ဂျပန်လူမျိုးတွေက ဘာဖြစ်လို့ ဟာနီဝ အရုပ်တွေကို လုပ်ပြီး ကိုဖွန်းလို့ခေါ်တဲ့သင်္ချိုင်းမှာ စီထားခဲ့တာပါလဲ။ ပြီးတဲ့အခါ " ကေးအိကို သံချပ်ကာ ဝတ် စစ်သည် "ဟာ ဘယ်သူပါလဲ။ အခုခေတ် ဂျပန်လူမျိုးတွေကို ဆက်လက်ဖမ်းစားထားတဲ့ ဒီ ဟာနီဝ မြေဖုတ်အရုပ်ရဲ့ အကြောင်းကို လေ့လာကြည့်ကြရအောင်။