မီယာဂါဝါ ကိုးဇန် (ပထမမြောက်) ရဲ့လက်ရာ " အထိုင်ပါတဲ့ ဂဏန်းအရုပ်ကပ် အညိုရောင်စဉ့်ခွက်"
(Katsuyu Kani haritsuke Daitsuki Hachi)

မြေကြီးကို ခပ်ကြမ်းကြမ်း ခြစ်ယူဖဲ့ထုတ်ပြီး စဥ့်ရည်လောင်းပြီး ဖုတ်ထားတဲ့ မြေထည်ခွက်မှာ ဂဏန်း ၂ကောင်ကပ်နေပါတယ်။ ဘယ်လိုကြည့်ကြည့် တကယ့် အကောင်နဲ့ တူနေပေမဲ့ ဒါဟာ စဥ့်ခွက် ရဲ့တစိတ်တပိုင်း ဖြစ်ပါတယ်။ လုပ်ခဲ့သူကတော့ ကျိုတိုမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်ခဲ့ပြီး ယိုကိုဟားမားကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ မြေထည်ပညာသည် မီယာဂါဝါ ကိုးဇန်ပါ။ ၁၉ရာစု အနှောင်းပိုင်းမှာ ကြွေထည်မြေထည်ဟာ ဂျပန်ကို ကိုယ်စားပြုတဲ့ နိုင်ငံခြားပို့ကုန် တစ်မျိုးဖြစ်လာခဲ့ပြီး ပြုလုပ်သူတွေဟာ သူတို့မှာရှိတဲ့ ပညာကို အစွမ်းကုန်သုံးပြီး ကမ္ဘာတစ်လွှားမှာ နှစ်သက် တန်ဖိုးထားစေမယ့် ပစ္စည်းတွေကို ပြုလုပ်ဖို့ လိုအပ်လာခဲ့ပါတယ်။ အောင်မြင်မှု ရမရ အဆုံးအဖြတ်ပေးတဲ့ နေရာကတော့ အဲဒီခေတ်အခါက အနောက်တိုင်းမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲတွေဖြစ်ပါတယ်။ အဲဒီလိုအနေအထားမှာ ကိုးဇန်ရဲ့ နာမည်ကို ပိုပြီးကျော်ကြားစေခဲ့တာကတော့ အခုမိတ်ဆက်ပေးနေတဲ့ ဂဏန်းပုံကပ်ထားတဲ့ စဥ့်ခွက်လို ပန်းပုဆန်တဲ့ တန်ဆာတွေဆင်ထားတဲ့ "တာကာ့ အူခီ ဘိုလီ" ဆိုတဲ့ နည်းပါ။ နိုင်ငံ တိုးတက်ရေး တာ၀န်ကိုထမ်းရင်း အသစ်နဲ့ ရိုးရာ၊ အနောက်တိုင်းနဲ့ ဂျပန်အကြား ကြိုးပမ်းခဲ့ကြတဲ့ လက်မှုပညာသည်ရဲ့ နောက်ကြောင်းရာဇ၀င်ပါ။