ဓားရှည် အမည်ထွင်းမထား မာစာ့မူနဲ (နာမည်ကျော် ခန်းဇဲ မာစာ့မူနဲ)
(Katana mumei Masamune, meibutsu Kanze Masamune)

ခါတာ့နဓားဆိုတာ ရှည်ရှည်သွယ်သွယ်အဖျားကော့ကော့ ဂျပန့် ဓားတစ်မျိုးပါ။ ဂျပန်မှာ ဓားအိမ်တွေ ဓားရိုးတွေစတဲ့ အဆင်တန်ဆာအားလုံးကို ဖယ်ရှားပြီး ဓားရဲ့ကိုယ်ထည် သက်သက်ကို အလှကြည့် ခံစားတဲ့ ထူးခြားတဲ့ ဓလေ့ ရှိပါတယ်။ နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ထားတဲ့ "ခါတာ့န အမည်ထွင်းမထား မာစာ့မူနဲ (နာမည်ကျော် ကန်းစေး မာစာ့မူနဲ)"ဟာ ၁၄ရာစုလောက်က ဂျပန်ဓား ရွှေခေတ်လို့ခေါ်တဲ့ခေတ်က ဓားလုပ်တဲ့ ပညာရှင် မာစာ့မူနဲက လုပ်ခဲ့တာပါ။ ဓားကိုယ်ထည်ကို ကြည့်လိုက်ရင် သတ္တုမျက်နှာပြင်မှာ တလက်လက်တောက်ပနေတဲ့ အမှုန်တွေ၊ သစ်သားအဆင်လို ထင်ရတဲ့ ထူးဆန်းတဲ့ အဆင်အကွက်တွေ တွေ့နိုင်ပါတယ်။ ဒါတွေဟာ သံကို အကြိမ်ကြိမ်ထုရိုက်ပြီး မာကျောပေမဲ့ ပျော့ပြောင်းမှုလည်းရှိတဲ့ ဓားကိုလုပ်ရင်း ဖြစ်ပေါ်လာတာပါ။ အထူးသဖြင့် မာစာ့မူနဲရဲ့လက်ရာတွေဟာ လှုပ်ရှားသက်၀င်နေတဲ့ သံရဲ့ အသွင်အပြင်တွေရှိပါတယ်။ ဒါပေမဲ့ မာစာ့မူနဲ ကိုယ်တိုင်ရဲ့ အကြောင်းတွေနဲ့ အဲဒီခေတ်က ဓားလုပ်တဲ့နည်းပညာတွေကတော့ အထောက်အထားတွေ မကျန်ခဲ့ပါဘူး။ တစ်ချိန်က မာစာ့မူနဲလက်ရာ ဓားတွေသာလျှင် အုပ်ချုပ်သူတွေနဲ့ လိုက်ဖက်တဲ့ အဆောင်အယောင်အဖြစ် ယူဆခဲ့ကြပြီး စစ်သူကြီးတွေရဲ့ ဂုဏ်ကြက်သရေကို သရုပ်ဖေါ်တဲ့ ပစ္စည်းအဖြစ် လက်ဆောင်ပဏာအဖြစ် လူတွေအကြား တစ်ယောက်လက်ကနေ တစ်ယောက်ဆီကို ပေးပို့လာခဲ့ကြပါတယ်။