သင်ခန်းစာ (၁၁) အဆောင်ပစ္စည်းများ ရှိပါသလား။

ဗီယက်နမ်ကျောင်းသူ တမ် နဲ့ တရုတ်လူမျိုးဓာတ်ပုံဆရာ မီးယာ တို့ဟာ ခရီးသွားတွေကြား လူကြိုက်များတဲ့နေရာဖြစ်တဲ့ တိုကျိုက အစာကူစာ ကို သွားခဲ့ကြပါတယ်။ သူတို့ဟာ စဲန်းစိုးဂျိ ဘုရားကျောင်းဆီ ဦးတည်သွားတဲ့ နာ့ကာမိစဲ လမ်းတစ်လျှောက်က လက်ဆောင်ပစ္စည်းဆိုင်တွေကို ကြည့်ခဲ့ကြပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်လိုချင်တာကို ရနိုင်မလားဆိုတာ ဘယ်လိုပြောဆိုမေးမြန်းရသလဲကို လေ့လာရပါမယ်။ အစီအစဥ် နောက်ပိုင်းမှာ ခရီးသွားတွေအကြားလူကြိုက်များ ရေပန်းစားတဲ့ တိုကျိုက အစာကူစာ မြို့အကြောင်း ပြောပြပါဦးမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကား လေ့လာဖို့အတွက် စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေ ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။

"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။