သင်ခန်းစာ (၉) ဒီဟာက ဘာလဲ။

ဗီယက်နမ်ကျောင်းသူ တမ် ဟာ Haru-san House မှာ အတူနေတဲ့ ကိုက်တို နဲ့ သူ့ရဲ့ အမေရိကန်သူငယ်ချင်း မိုက်ခ်တို့နဲ့အတူ ကုန်တိုက်တစ်ခုရဲ့ မြေအောက်ထပ်က ချက်ပြုတ်ပြီးသားစားဖွယ်ရာတွေရောင်းတဲ့နေရာကို ရောက်သွားခဲ့ပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်မသိတဲ့အရာတွေရဲ့ နာမည်ကို ဘယ်လိုမေးရသလဲဆိုတာကို လေ့လာရပါမယ်။ အစီအစဥ်နောက်ပိုင်းမှာ ကုန်တိုက်ရဲ့ မြေအောက်ထပ်က စားဖွယ်ရာတွေရောင်းတဲ့နေရာ နဲ့ပတ်သက်ပြီး ပြောပြပါဦးမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကား လေ့လာဖို့အတွက် စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေ ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။

"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။