#6 ဒီရထား အီခဲဘူကုရိုးကို သွားမှာပါလား။

ကိုယ် သွားချင်တဲ့ နေရာကို ယာဉ်ရထားတွေ သွားမလား ဆိုတာကို မေးမြန်းတဲ့ အသုံးအနှုန်းကို လေ့လာကြရအောင်။ နေရာရဲ့ အမည်နောက်မှာ "ni ikimasu ka" ကို ထည့်ပြောပါ။ ဥပမာ "kono densha wa ikebukuro ni ikimasu ka" ဆိုတာ "ဒီရထား အီခဲဘူကုရိုးကို သွားမှာပါလား" လို့ မေးတာဖြစ်ပါတယ်။

Transcript