Kyoto ခရိုင်မှာရှိတဲ့ ဂုဏ်သိက္ခာရှိဖျော်ဖြေရေးအရပ်ဖြစ်တဲ့ Gion ဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဖျော်ဖြေရေးအရပ်ဖြစ်ပါတယ်။ ရိုးရာဧည့်ဝတ်ကျေပွန်တဲ့ နယ်မြေအနေနဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ Gion ဟာ COVID-19 ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်ခံခဲ့ရပါတယ်။ တချို့ Geiko နဲ့ Maiko တွေဟာ မိမိတို့ရဲ့အလုပ်အကိုင်နေရာတွေကို ဆုံးရှုံးခဲ့ရပြီး ရိုးရာအနုပညာကို မျိုးဆက်သစ်ဆီကိုလက်ဆင့်ကမ်းဖို့ အခွင့်အရေးမရခဲ့တာကြောင့် အနုပညာကိုယ်နှိုက်က အန္တရာယ်ရှိခဲ့ပုံရပါတယ်။ သူတို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်က ၃ နှစ်အတွင်းမှာပထမဆုံး အကြိမ်အနေနဲ့ အကဖျော်ဖြေပွဲကြီးတစ်ခုဖြစ်တဲ့ Miyako Odori ပွဲကို ပြန်လည်ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီအံ့သြဖွယ်ရာအရပ်နဲ့ Gion ဘဝကိုချစ်မြတ်နိုးတဲ့ Maiko ငယ်လေးတွေရဲ့ အခက်အခဲတွေ ကျော်လွှားဖို့ ကြိုးပမ်းမှုကို လိုက်ပြီး ရိုက်ကူးထားပါတယ်။ ပုံမှန်အနေနဲ့ အပြင်လူတွေမမြင်ရတဲ့ သူတို့နေထိုင်ပြီးလေ့ကျင့်တဲ့ okiya အတွင်းက ရှားပါးတဲ့ဘဝပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။ တစ်ခါတစ်ရံ တင်းကျပ်ပြီး တစ်ခါတစ်ရံ ကြင်နာတတ်တဲ့ Gion လောကထဲမှာ သူတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ငယ်ရွယ်တဲ့ Maiko လေးတွေ ကြိုးစားနေကြပါတယ်။

Transcript