"Plant-Based Life" သက်သတ်လွတ်အစားအစာနဲ့ တိုကျိုကဘဝ

ကမ္ဘာတစ်ဝန်းက အစားအစာဆိုင်တွေ တန်းစီနေတဲ့ တိုကျိုမြို့ဟာ ကိုယ်စားချင်တဲ့ နိုင်ငံပေါင်းစုံက စားစရာတွေကို အမျိုးမျိုး ရွေးချယ် စားသောက်နိုင်တယ်ဆိုပြီးတော့ နာမည်ကျော်ကြားပါတယ်။ ဒါပေမဲ့ အသားငါး မစားသူတွေအတွက်ရော ကိုယ်စားချင်တာကို စိတ်ကြိုက် ရွေးချယ်စားနိုင်ဖို့ သက်သတ်လွတ် အစားအစာတွေ စုံလင်အောင် ရှိနေပါရဲ့လား။ ဟိန္ဒူဘာသာဝင်ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ NHKWORLD-JAPAN က သတင်းထောက် Chinmaya Dikshit က သက်သတ်လွတ်စားသူ တစ်ဦးဖြစ်တာကြောင့် တိုကျိုမှာ သက်သတ်လွတ်အစားအစာ ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာဖွေနေသူပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်ဥသစ်ဖုတွေကနေ ထုတ်တဲ့ plant-based အပင်အခြေခံထားတဲ့ စားစရာတွေကိုပဲ စားသုံးကြသူတွေ ပိုပြီးအဆင်ပြေအောင် အခု တိုကျိုမှာ ကြိုးပမ်းနေကြတဲ့ နေရာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ သူနဲ့ အတူတူ လိုက်ကြည့်ကြရအောင်။

Transcript