#40 ဝါရင့် လုပ်ဖော်ကိုင်ဖက်ရဲ့ အမှားကို ထောက်ပြခြင်း

အခုတစ်ကြိမ်မှာ ဝါရင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အမှားကို ထောက်ပြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကိုကျော်စွာအောင်ဟာ နာရီတာလေဆိပ်မှာ အများရဲ့မြင်ကွင်းနောက်ကွယ်က အလုပ်ကို လုပ်ကိုင်နေပါတယ်။ သူဟာ တန်ဆာပစ္စည်း အတင်အချသာမက လေယာဉ်တွေရဲ့ လမ်းကြောင်းပြတာလို လုပ်ငန်းပေါင်းစုံကို လုပ်ဆောင်နေပါတယ်။ မတော်တဆမှုတွေကို တားဆီးဖို့ သတိထားမှုနဲ့ တိကျသေချာမှုတွေ လိုအပ်တယ်ဆိုတာ သူလေ့လာသင်ယူထားပါတယ်။ အမှားအယွင်း တစ်စုံတစ်ရာကိုသာမက ပုံမှန်မဟုတ်တဲ့ အနေအထားအားလုံးနဲ့ ပတ်သက်ပြီး အစီရင်ခံရမယ်ဆိုတာ သူသိထားပါတယ်။ ဝါရင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အမှားကို သူ သတိထားမိလိုက်တာနဲ့ပတ်သက်တဲ့ သရုပ်ပြလေ့ကျင့်မှုကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီလို အနေအထားကို သူ ဘယ်လို ကိုင်တွယ်မှာပါလဲ။

Transcript