#39 ဝန်ထမ်းပြောင်းလဲတာဝန်ပေးဖို့ လိုအပ်ကြောင်း ရှင်းလင်းတင်ပြခြင်း

အခုတစ်ကြိမ်မှာ ဝန်ထမ်းပြောင်းလဲတာဝန်ပေးဖို့လိုအပ်တာကို ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကိုကောင်းထက်ပိုင်ဟာ နာရီတာလေဆိပ်မှာ အများရဲ့ မြင်ကွင်းနောက်ကွယ်က အလုပ်ကို လုပ်ကိုင်နေပါတယ်။ သူဟာ တန်ဆာပစ္စည်း အတင်အချသာမက လေယာဉ်တွေကို မြေပြင်မှာ လမ်းကြောင်းပြတာလို လုပ်ငန်းပေါင်းစုံကို လေ့လာနေတဲ့ နည်းပညာဆိုင်ရာအလုပ်သင် တစ်ဦး ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံမှုနဲ့ တိကျသေချာမှု လိုအပ်တဲ့ ဒီအလုပ်အမျိုးအစားအတွက် ပြောဆိုဆက်ဆံရေးနဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုတွေဟာ အခရာ ကျပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး နေမကောင်း ဖြစ်နေတာကို သူ့ရဲ့ ကြီးကြပ်သူထံ အစီရင်ခံရမယ့် သရုပ်ပြလေ့ကျင့်မှုကို သူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီလို အနေအထားကို သူ ဘယ်လို ကိုင်တွယ်လုပ်ဆောင်မှာပါလဲ။

Transcript