#38 တစ်စုံတစ်ယောက်ရဲ့ အလုပ်တာဝန်ကို အဲဒီလူအတွက် စိတ်အနှောင့်အယှက်မဖြစ်စေဘဲ လွှဲပြောင်းတာဝန်ယူလုပ်ကိုင်ခြင်း

အခုတစ်ကြိမ်အစီအစဉ်မှာ တစ်စုံတစ်ယောက်ရဲ့ အလုပ်တာဝန်ကို အဲဒီလူအတွက် စိတ်အနှောင့်အယှက် မဖြစ်စေဘဲ လွှဲပြောင်းတာဝန်ယူလုပ်ကိုင်တာကို လေ့လာပါမယ်။ မြန်မာနိုင်ငံက ကိုအောင်ဇင်ဖြိုးဟာ ဗိသုကာဆိုင်ရာ သုံးဖက်မြင် ကွန်ပျူတာပုံရိပ် (3DCG) တွေကို ဖန်တီးတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။ ဒီပုံရိပ်တွေကို သရုပ်ပြရှင်းလင်းမှု အမျိုးမျိုးမှာ အသုံးပြုပါတယ်။ သူက ဒီကုမ္ပဏီမှာ ပြီးခဲ့တဲ့နှစ်က စပြီး အလုပ်ဝင်ခဲ့ပါတယ်။ သူက ဗီယက်နမ်မှာ အလုပ်လုပ်နေတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြီးကြပ်နေပါတယ်။ သူတို့အကြားမှာ မိခင်ဘာသာစကားတွေနဲ့မဟုတ်ဘဲ ဂျပန်ဘာသာစကားနဲ့ပဲ အပြန်အလှန် ပြောဆိုဆက်သွယ်ကြတာကြောင့် အပြောအဆို အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး သတိထားနိုင်ဖို့ သူကလိုလားနေပါတယ်။ အခုတစ်ကြိမ်အစီအစဉ်မှာ အလုပ်တွေပိနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ကူညီရမယ့် သရုပ်ပြလေ့ကျင့်မှုတစ်ခုကို သူလုပ်ကြည့်ပါမယ်။

Transcript