#36 လက်တွေ့မှာ ဘယ်လောက်အထိလုပ်နိုင်မလဲ ပြောပြခြင်း

အခုတစ်ကြိမ်မှာ လက်တွေ့မှာ ဘယ်လောက်အထိလုပ်နိုင်မလဲ ပြောကြားတာကို လေ့လာပါမယ်။ မြန်မာနိုင်ငံက ကိုနိုင်မျိုးဦးဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ ဆိုင်းဘုတ်တွေကို ပြုလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။ သူက ၂၀၁၆ ခုနှစ်မှာ ဂျပန်ကို ရောက်လာခဲ့ပြီး မလေးရှားနိုင်ငံမှာတုန်းက ရလာခဲ့တဲ့ ကုန်ထုတ်လုပ်မှု အရည်အသွေးတွေ ပိုပြီးတိုးတက်လာအောင် ဒီအလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ သူက မနက်တိုင်း တစ်နေ့တာလုပ်ငန်းတာဝန်ကို ကုမ္ပဏီကကြီးကြပ်သူနဲ့အတူ စစ်ဆေးပါတယ်။ တကယ်လို့ သူ့တာဝန်တွေက များလွန်းနေတဲ့အခါ သူ့အနေနဲ့ အချိန်မီ ပြီးမှာ မဟုတ်ပါဘူး။ ဒီအချက်ကို သူထောက်ပြနိုင်မှာပါလား။ အဲဒီနေ့မှာ ဘယ်လောက်အတိုင်းအတာအထိ ပြီးအောင်လုပ်နိုင်မလဲဆိုတာ သူ့အနေနဲ့ ကြီးကြပ်သူသိအောင် လုပ်ဆောင်ဖို့ သရုပ်ပြလေ့ကျင့်ပါမယ်။

Transcript