#35 နောက်ထပ်သတင်းအချက်အလက် တောင်းခံခြင်း

ဒီတစ်ကြိမ်မှာတော့ နောက်ထပ်သတင်းအချက်ပေးဖို့ မေးမြန်းတောင်းခံမှာပါ။ မြန်မာနိုင်ငံက မခိုင်မီမီစိုးဟာ ရုပ်မြင်သံကြားဆက်တင်တွေ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းတွေအတွက် ပန်းအလှပြင်ဆင်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။ သူက တက္ကသိုလ်မှာ ဗိသုကာနဲ့ အိမ်တွင်းအလှဆင် ပညာရပ်တွေကို လေ့လာသင်ယူခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာ ဂျပန်ကို ရောက်မလာခင်က ပန်းနဲ့ ပတ်သက်ပြီး ဘာမှ မသိခဲ့ပါဘူး။ သူက အလုပ်အပ်နှံသူတိုင်းက ကျေနပ်အားရတဲ့ အလှပြင်ဆင်မှုတွေကို ဖန်တီးပြီး ကုမ္ပဏီမှာ ဒီဇိုင်းနာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ မျှော်မှန်းနေပါတယ်။ ဒါကို အထောက်အကူပြုဖို့အတွက် အလုပ်အပ်နှံသူတွေ လိုချင်တဲ့ ပန်းအလှဆင်ပုံနဲ့ ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကို မေးမြန်းမယ့် သရုပ်ပြလေ့ကျင့်မှုကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Transcript