#30 ဝိုင်းကူဖို့ တောင်းဆိုချက်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခြင်း

ဒီတစ်ကြိမ်မှာတော့ ဝိုင်းကူဖို့ တောင်းဆိုချက်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုနည်းပါ။ ထိုင်ဝမ်ကလာတဲ့ Wang Chihsun ဟာ တိုကျိုက အဆင့်မြင့် အမေရိကန်စားသောက်ဆိုင်မှာ မုန့်စားဖိုမှူးအဖြစ် အလုပ်လုပ်နေပါတယ်။ ဂျပန်ကို ရောက်တာ ၅နှစ်ရှိပါပြီ။ ဂျပန်က အချိုမုန့်တွေကို နှစ်သက်ခဲ့တာကြောင့် မုန့်စားဖိုမှူးဖြစ်ဖို့ သူ စတင် လေ့လာသင်ယူခဲ့ပါတယ်။
သူ့ရဲ့ ရည်မှန်းချက်ကတော့ ထိုင်ဝမ်မှာ ကိုယ်ပိုင်ကဖေး ဖွင့်နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိအလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံပြောဆိုမှု ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူက လေ့လာချင်နေပါတယ်။ ဒီအတွက် အထောက်အကူဖြစ်စေဖို့ အလုပ်များနေတဲ့ လုပ်ဖော်ကိုင်ဖက်ဆီက ဝိုင်းကူဖို့ တောင်းဆိုချက်ကို မဖြစ်မနေ ငြင်းဆိုရမယ့် သရုပ်ပြလေ့ကျင့်မှုကို လုပ်ပါမယ်။

Transcript