#28 ညွှန်ကြားချက်တွေကို တခြားသူတွေ နားလည်ကြရဲ့လား စစ်ဆေးခြင်း

ဒီတစ်ကြိမ်အစီအစဉ်မှာ ညွှန်ကြားချက်တွေကို တခြားသူတွေ နားလည်ကြရဲ့လားဆိုတာကို စစ်ဆေးပါမယ်။ တရုတ်နိုင်ငံက Shang Yan ဟာ ရထားတွဲသန့်ရှင်းရေးဝန်ထမ်းအဖြစ် တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီဟာ ရထားတွေနဲ့ ဘူတာအဆောက်အအုံတွေကို သန့်ရှင်းရေးတာဝန်ယူလုပ်ဆောင်ပြီး နိုင်ငံခြားသား ဝန်ထမ်း ၂၂၀ ခန့်ထားပါတယ်။ Shang Yan-san ဟာ သန့်ရှင်းရေးဝန်ထမ်း ၅ ယောက်ပါတဲ့ အဖွဲ့ကို ခေါင်းဆောင်ပါတယ်။ တိုကျိုရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းချင်တာကြောင့် သူက ဒီကုမ္ပဏီမှာ အလုပ်ဝင်ခံတာပါ။ ခေါင်းဆောင်တစ်ယောက်ဖြစ်လာတဲ့ သူ့အနေနဲ့ တခြားသူတွေက ညွှန်ကြားချက်တွေကို နားလည်ကြသလားဆိုတာ စစ်ဆေးနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီအရည်အချင်း တိုးတက်လာစေဖို့ သရုပ်ပြလေ့ကျင့်မှုကို သူ ကြိုးစားလုပ်ဆောင်မှာ ဖြစ်ပါတယ်။

Transcript