#27 အကူအညီတောင်းခြင်း

ဒီအစီအစဉ်ကတော့ အကူအညီတောင်းခံခြင်းဖြစ်ပါတယ်။ အင်ဒိုနီးရှားက Warni Letty Yuhara ဟာ အီဘာရာ့ခိ ခရိုင်က ဟင်းခတ်အမွှေးအကြိုင်တွေကို အဓိကထား စိုက်ပျိုးထုတ်လုပ်တဲ့ စိုက်ခင်းမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားက အလုပ်သင်တွေကို လက်ခံနေတဲ့ အဲဒီ စိုက်ခင်းရဲ့ အချိန်ပိုင်းဝန်ထမ်းတွေကို စီမံခန့်ခွဲသူဖြစ်ပါတယ်။ Warni-san ကိုယ်တိုင်လည်း ၂၀၁၇ ခုနှစ်တုန်းက ဒီစိုက်ခင်းရဲ့ အလုပ်သင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့နောက် စိုက်ပျိုးရေးနည်းတွေကို ထပ်ပြီးလေ့လာဖို့ ပြန်ရောက်လာခဲ့ပါတယ်။ သူဟာ အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး တခြားဝန်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ အလုပ်မှာ နောက်ကျတဲ့အထိ ဆက်အလုပ်လုပ်ပေးဖို့နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ အခက်အခဲတွေ့နေပါတယ်။ ဒီအရည်အသွေး တိုးတက်စေဖို့ သရုပ်ပြလေ့ကျင့်မှုကို သူကြိုးစား လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Transcript