#13 တခြားသူတွေဆီလာတဲ့ တယ်လီဖုန်းကို တုံ့ပြန်ဖြေကြားခြင်း

အခုတစ်ကြိမ်အစီအစဉ်ကတော့ တခြားသူတွေဆီကိုလာတဲ့ တယ်လီဖုန်းကို တုံ့ပြန်ဖြေကြားခြင်း ဖြစ်ပါတယ်။ ဗီယက်နမ်က Nguyen Truong Giang ဟာ ဈေးကွက်လေ့လာရေး ကုမ္ပဏီတစ်ခုမှာ IT အင်ဂျင်နီယာ အလုပ်လုပ်နေပါတယ်။ Giang-san ဟာ တက္ကသိုလ်မှာ ဂျပန်ဘာသာနဲ့ ကွန်ပျူတာ ပရိုဂရမ် ဘာသာရပ်တွေကို လေ့လာသင်ယူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဂျပန်ကို ရောက်လာခဲ့ပြီး အခုအခါမှာ သူ့ကုမ္ပဏီရဲ့ ဗီယက်နမ် ရုံးခွဲနဲ့ ဂျပန်က ရုံးချုပ်အကြား ဆက်သွယ်သူအဖြစ် တာဝန်ယူနေပါတယ်။ Giang-san ရဲ့ ဂျပန်ဘာသာအရည်အချင်းက ကောင်းတယ်ဆိုပေမဲ့ တယ်လီဖုန်းပြောဆိုပုံ နည်းလမ်းတွေနဲ့ပတ်သက်ပြီး သိပ်အတွေ့အကြုံမရှိသေးပါဘူး။ တယ်လီဖုန်း စကားပြောတဲ့ သရုပ်ပြ လေ့ကျင့်မှုမှာ တခြား တယ်လီဖုန်းပြောရင်း အလုပ်များနေတဲ့ လက်ဖော်ကိုင်ဖက်ဆီကို ဆက်လာတဲ့ တယ်လီဖုန်းခေါ်ဆိုမှုကို သူဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လေ့ကျင့်ပါမယ်။

Transcript