#8 အကြံပြုခြင်း

အခုတစ်ကြိမ်အစီအစဉ်ကတော့ အကြံပြုခြင်းဖြစ်ပါတယ်။ Marianne Paragua Culaniban-san ဟာ အိမ်မှုကိစ္စထိန်းသိမ်းရေး လုပ်ငန်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ၂နှစ် ရှိပါပြီ။ သူဟာ ဒီ ကုမ္ပဏီမှာ သက်တမ်းအရင့်ဆုံး နိုင်ငံခြားသား ဝန်ထမ်းဖြစ်ပြီး တခြား ဖိလစ်ပိုင် ဝန်ထမ်း ၁၃၀ က လေးစားအားကျရသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ဂျပန်ဘာသာစကား နဲ့ သန့်ရှင်းရေး အရည်အချင်းတွေကြောင့် အလုပ်အပ်နှံသူတွေကြားမှာ လူကြိုက်များနေပါတယ်။ အလုပ်အပ်နှံသူတွေကို အကြံဉာဏ်တွေပေးခြင်းအားဖြင့် သူ့ရဲ့ ဝန်ဆောင်မှုစွမ်းရည်ကို နောက်တစ်ဆင့် မြှင့်တင်ဖို့ ကုမ္ပဏီက လိုလားနေပါတယ်။ Marianne-san က သရုပ်ပြ လေ့ကျင့်မှုကနေ တစ်ဖက်သားရဲ့ ပြောဆိုချက်ကို နားထောင်ပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ဘယ်လို အကြံပြုမလဲ ဆိုတာကို လေ့လာမှာ ဖြစ်ပါတယ်။

Transcript