#7 တောင်းပန်ခြင်း

အခုတစ်ကြိမ်အစီအစဉ်ကတော့ တောင်းပန်ခြင်းဖြစ်ပါတယ်။ Loraine Paz Amoro Oledan-san ဟာ အိမ်မှုကိစ္စထိန်းသိမ်းရေး လုပ်ငန်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်ဖို့ ဂျပန်ကို ၂၀၁၈ ခုနှစ်ကုန်ချိန်မှာ ရောက်လာခဲ့ပါတယ်။ နောက်သီတင်းပတ်က စပြီး လူနေအိမ်တွေမှာ သန့်ရှင်းရေးကို တာဝန်ယူရပါတော့မယ်။ သူ့အနေနဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိထားပြီး အသုံးပြုဖို့ လိုအပ်လာမယ့် ဂျပန်ဘာသာစကား အသုံးအနှုန်းတွေကို သင်ယူထားပြီးပါပြီ။ ဒါပေမဲ့ ဘာတွေ ဖြစ်ပျက်ကြုံတွေ့လာရမလဲဆိုတာ ဘယ်သူမှ ကြိုတင်မသိနိုင်ပါဘူး။ Loraine-san က မှန်မှန်ကန်ကန် ရှင်းပြတာနဲ့ တောင်းပန်တာတွေအတွက် သရုပ်ပြလေ့ကျင့်မှုကို လုပ်ကြည့်ပါမယ်။ သူ ဂျပန်မှာ ဒီ အလုပ်ကို လုပ်ကိုင်ချိန်မှာ ဘာကို အာရုံစိက်ရမလဲဆိုတာကို ကျွမ်းကျင်သူတွေဆီက လေ့လာပါမယ်။

Transcript