#6 ခွင့်ပြုချက်ရယူခြင်း

အခုတစ်ကြိမ်ကတော့ ခွင့်ပြုချက်ရယူခြင်းပါ။ ဗီယက်နမ်က Tran Van Vuong ဟာ အားကစားပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီမှာ ငါးမျှားတံ ဒီဇိုင်းကို ရေးဆွဲနေသူဖြစ်ပါတယ်။ သူ့ကုမ္ပဏီရဲ့ ဂျပန် ရုံးချုပ်ကို ၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့လာကတည်းက Vuong-san ဟာ ဝန်ထမ်းတွေအကြားမှာ လူချစ်လူခင် များသူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်ရယူတဲ့အခါ yoroshii ဆိုတဲ့စကားလုံးက ပိုပြီး သင့်လျော်တဲ့အနေအထားမှာ သူက daijoobu ဆိုတဲ့စကားကို သုံးလေ့ရှိပါတယ်။ Vuong-san က အလုပ်ခွင်ပုံစံ သရုပ်ပြ လေ့ကျင့်မှုနဲ့ ခွင့်ပြုချက်ရယူနည်းကို လေ့လာပါမယ်။ ဒီကနေ့အတွက် ခန်းဂျီးစာလုံးက “sakini” ဖြစ်ပါတယ်၊ After 5! ကဏ္ဍမှာတော့ suupaa sentoo အများသုံး ရေချိုးခန်းကို သွားပါမယ်။

Transcript