#5 သတင်းစကားလက်ဆင့်ကမ်းခြင်း

အခုတစ်ကြိမ်အစီအစဉ်ကတော့ သတင်းစကားကို လက်ဆင့်ကမ်းတာပါ။ Dong Quoc Dung ဟာ အားကစားပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။ သူ့ရဲ့ ဗီယက်နမ် ကုမ္ပဏီကနေ ၂၀၁၈ ခုနှစ်မှာ ဂျပန်က ရုံးချုပ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ငါးမျှားတံမှာသုံးတဲ့ ကြိုးရစ်ဘီး ဒီဇိုင်းတွေ ဆွဲတဲ့သူ ဖြစ်ပါတယ်။ သူက အစည်းအဝေးတွေကနေ ဒီဇိုင်းကို စစ်ဆေးတာအထိ ဂျပန်ဘာသာစကားကိုပဲ သုံးပါတယ်။ တစ်နေ့မှာ ဗီယက်နမ်ကိုပြန်တဲ့အခါ ဂျပန်က ရုံးချုပ်နဲ့ ဆက်သွယ်ရာမှာ ဂျပန်ဘာသာစကား အရည်အချင်းတွေကို အသုံးချရမယ်လို့ မျှော်လင့်ရပါတယ်။ သရုပ်ပြလုပ်ဆောင်မှုနဲ့ ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုကို ခံယူရင်း သတင်းစကားကို ဘယ်လို တိတိကျကျ မှတ်သားရမလဲဆိုတာ လေ့လာပါမယ်။ ဒီကနေ့အတွက် ခန်းဂျီးစာလုံးက “okuru” ဖြစ်ပါတယ်။ After 5! ကဏ္ဍမှာတော့ suupaa sentoo အများသုံး ရေချိုးခန်းကို သွားပါမယ်။

Transcript