#4 ဓာတ်ပုံတွေနဲ့ တခြားအထောက်အကူပစ္စည်းတွေကို သုံးပြီး ရှင်းလင်းတင်ပြမှု လုပ်ဆောင်ပုံ

ဒီတစ်ကြိမ်အစီအစဉ်ကတော့ အထောက်အကူပစ္စည်းတွေကို သုံးပြီး ကိုယ်ပြောချင်တာကို နားလည်လွယ်အောင် ဘယ်လို ရှင်းလင်းတင်ပြမလဲဆိုတာနဲ့ ပတ်သက်တဲ့ အကြောင်းအရာပါ။ မြန်မာနိုင်ငံက မနုနုအောင်ဟာ လွန်ခဲ့တဲ့ ၉လက ဂျပန်ကို ရောက်လာခဲ့ပြီး အိမ်ခြံမြေ စီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ နေ့စဉ် ဂျပန်ဘာသာစကား လေ့ကျင့်သင်ယူနေပြီး အိမ်ခြံမြေ အကြောင်း ပိုပြီးသိအောင် လေ့လာနေပါတယ်။ သီတင်းတစ်ပတ် အကြာမှာ မနုနုအောင်က တိုကျို ဧရိယာနဲ့ ပတ်သက်ပြီး ဂျပန်ဘာသာစကားနဲ့ ရှင်းလင်းတင်ပြမှု လုပ်ဆောင်မှာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ သရုပ်ပြရှင်းလင်းမှုကို လုပ်ဆောင်တာနဲ့ ဓာတ်ပုံနဲ့ တခြားအထောက်အကူပစ္စည်းတွေကို သုံးပြီး ရှင်းလင်းတင်ပြမှုကို ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ကျွမ်းကျင်သူတွေဆီက လေ့လာသင်ယူမှာ ဖြစ်ပါတယ်။

Transcript