ရှိခိုခုကျွန်းမှ ပစိဖိတ်ကမ်းခြေဘဝ

လုခ် ဘရစ်ဖို့ဒ်သည် ရှိခိုခု အရှေ့ပိုင်းခိုးချိခရိုင်သို့ ခရီးသွားပြီး ထိုနေရာမှ သူသည် ပစိဖိတ်ကမ်းရိုးတန်းတစ် လျှောက် သူ၏ ကီလိုမီတာ ၂၀၀ ရှည်လျားသော အရှေ့ဘက်ခရီးစဥ်ကို စတင်ခဲ့သည်။ တိုစ ခုရောရှိအို ရထားလမ်းမှစတင်ပြီး ၊ ရှိမန်းတိုးမြစ်ဝှမ်း၏ရောယှက်နေသော သဘောသဘာဝကိုစူးစမ်းလေ့လာသည်။ ထို့နောက် သူသည် တစ်နာရီလျှင်ကီလိုမီတာ ၁၂၀ နှုန်းဖြင့်သွားသည့် နန်းပုကန့်သတ်အမြန်ရထားကိုစီးသည်။ တံငါရွာ‌‌ဟောင်း ခုရောရှိအိုတွင်ဆင်းသည်။ နောက်ပိုင်းတွင် ခိုးချိ၏ရှေးဟောင်းရဲတိုက်မြို့တွင် ၊ လုခ်သည်ဂျ ပန်၏ရှေးအကျဆုံး ဓာတ်ရထားဖြစ်သော တိုစဒန်းနှင့်လည်ပတ်သည်။ သူသည် ‌‌‌ဂေါ်မန်း နဟရိလိုင်းနှင့် သူ့ပန်းတိုင်ဖြစ်သော မူရိုတိုကျွန်းစွယ်အငူ၏ အရှေ့ဘက်စွန်းသို့ ရောက်ရှိခဲ့သည်။