WHAT'S YOUR CONNECTION?

WHAT'S YOUR CONNECTION?

ဒီအစီအစဉ်က နိုင်ငံရပ်ခြားကသောတရှင်တွေနဲ့ ဂျပန်နိုင်ငံကို ဆက်သွယ်ပေးမှာဖြစ်လို့ ဂျပန်နိုင်ငံနဲ့ ပတ်သက်ပြီး ပိုပြီးနက်နက်ရှိုင်းရှိုင်းသိလာနိုင်တဲ့ အစီအစဉ်တစ်ခုပါ။ ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး သောတရှင်တွေက သူတို့ရဲ့အမြင်တွေ၊ သိချင်တဲ့ အကြောင်းအရာတွေကို NHK WORLD-JAPAN ရဲ့ ရေဒီယိုဌာနကို စာတွေရေးသား ပေးပို့နေကြပါတယ်။ ဒီအစီအစဉ်ကနေ သောတရှင်တွေရဲ့ စိတ်ကူးအမြင်တွေကို မိတ်ဆက်ပေးမှာဖြစ်ပြီး မေးခွန်းတွေကိုလည်း ဖြေကြားပေးမှာ ဖြစ်ပါတယ်။