မုသားစကားတွေရောင်းတဲ့ ထူးဆန်းတဲ့ဆိုင်
" မုသားစကားတွေရောင်းတဲ့ ထူးဆန်းတဲ့ ဆိုင်"ကို အိတ်ကပ်တွေ အများကြီးနဲ့ သင်တိုင်းအင်္ကျီကို ဝတ်ထားတဲ့ အရပ်ပုပုနဲ့ သေးကွေးတဲ့ အဖွားအိုတစ်ဦးက ဖွင့်ထားတာပါ။ တစ်နေ့တော့ ကောင်လေးတစ်ယောက်က အဲဒီစတိုးဆိုင်ထဲကို လမ်းလျှောက်ဝင်လာခဲ့ပြီး မုသားစကား ရှိလား လို့ မေးပါတယ်။ အဖွားအိုက သူ့ရဲ့ အိပ်ကပ်တွေ အများကြီးထဲက တစ်အိတ်ကို နှိုက်လိုက်ပြီး "အိုး-ဒီမှာ လုပ်ပြီးခါစ ချစ်စရာကောင်းတဲ့ မုသားစကားအသစ်စက်စက်ရှိတယ်ကွယ့် " လို့ ပြောလိုက်ပြီးတော့ မုသားစကား ဇာတ်လမ်းကို စပြောပါတော့တယ်။ ကလေးရသစာပေအတွက်ပေးတဲ့ နိုဘယ်လ်ဆု Hans Christian Andersen Award ကို ရရှိခဲ့သူ ကလေးစာပေတွေ ရေးသားတဲ့ စာရေးဆရာမ Kadono Eiko ရဲ့ ဝတ္တုဇာတ်လမ်းပါ။