ပင့်ကူမျှင်
ဂျပန်ရဲ့ ခေတ်ဦးစာရေးဆရာတွေထဲက တစ်ဦးဖြစ်တဲ့ လျူးနို့စကဲ အကုတာ့ဂါဝါ့ (Ryunosuke Akutagawa) ရဲ့ လက်ရာတွေကို တင်ဆက်သွားပါမယ်။ ဒီနေ့မှာ "The Spider Thread" ပင့်ကူမျှင်ကို နားဆင်ရပါမယ်။ ခန်ဒါတာ ဟာ ငရဲမှာ ညှဥ်းပန်းခံနေရပါတယ်။ သူဟာ သုခဘုံကနေ တွဲလောင်းကျနေတဲ့ ပင့်ကူမျှင်ကို သူ့ရဲ့ရှေ့မှာ တွေ့ခဲ့ရပါတယ်။ ခန်ဒါတာဟာ အဲဒီအမျှင်လေး အပေါ် စိတ်၀င်စားခဲ့ပြီး သုခဘုံကို တက်နိုင်ဖို့ ကြိုးစားပါတော့တယ်။ တခြားအပြစ်ကျနေသူတွေလည်း သူ့လို လိုက်လုပ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ အစီအစဥ်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)