ရှက်ဖွယ် အပိုင်း(၁)
အိုစာမူ ဒါဇိုင်ဟာ ၂၀ ရာစုအတွင်း ဂျပန်မှာ အထင်ရှားဆုံး စာရေးဆရာတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဝတ္တုတိုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ Shame ရှက်ဖွယ် ကို မိတ်ဆက်ပေးပါမယ်။ စာရေးဆရာ ဒါဇိုင် ရဲ့ ရှားရှားပါးပါးစတိုင်တစ်ခုဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရေးထားတာဖြစ်ပါတယ်။ ဇာတ်အိမ် က ရိုးရှင်းလှတဲ့ ဇာတ်လမ်းမှာ အမျိုးသားစာရေးဆရာတစ်ယောက်ဆီ မိတ်ဆက်စာရေးတဲ့ သူ့ရဲ့ ပရိသတ် အမျိုးသမီးငယ်တစ်ဦးအကြောင်းဖြစ်ပါတယ်။ အဲဒီကာလတုန်းက အမျိုးသမီးတစ်ယောက်ရဲ့ ဟာသဆန်ဆန်နဲ့ အပြစ်မဲ့ဘဝကို တမ်းတတဲ့ ခံစားချက်တွေကို ဖော်ကျူးထားပါတယ်။ ဒါဇိုင်ရဲ့ အသွင်အမျိုးမျိုးနဲ့ ဖော်ကျူးထားတဲ့တမူထူးခြားတဲ့လက်ရာက စာဖတ်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါဇိုင်ရဲ့ နောက်ဆုံးလက်ရာဖြစ်တဲ့ အခုဝတ္တုတိုဟာ အပြောင်းအလဲကို ကြိုဆိုတဲ့ ဒုတိယကမ္ဘာစစ်မတိုင်မီက ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ဝတ္တုတွေကို ခံစားချက်မဲ့ အမူအကျင့်နိမ့်တယ်ဆိုပြီး သတ်မှတ်လာခဲ့ပါတော့တယ်။ (၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့အစီအစဉ် ဖြစ်ပါတယ်)