ရှက်ဖွယ် အပိုင်း(၂)
စာရေးဆရာ အိုစာ့မူ ဒါဇိုင်း ရဲ့ Shame ရှက်ဖွယ် ဝတ္ထု ဒုတိယပိုင်းကို နားဆင်ရမှာပါ။ တက္ကသိုလ်ပါမောက္ခတစ်ဦးရဲ့သမီး အသက် ၂၃ နှစ်အရွယ် ခါ့ဇုကို က သူအကြိုက်ဆုံး ဝတ္ထု ဆရာ တိုဒါ (Toda) ဟာ သူ့ရဲ့ဝတ္ထုတွေထဲက ဇာတ်ကောင်တွေလိုပဲ ဆင်းရဲပြီးညစ်ပတ်ပေရေနေတဲ့အိမ်မှာ နေတဲ့အဖြစ်ဆီ ဦးတည်နေတယ်ဆိုတာကို လုံးဝကို ယုံကြည်ပါတယ်။ အင်မတန်နှစ်ခြိုက်လေးစားတဲ့ ပရိသတ်အဖြစ်နဲ့ ခါ့ဇုကို ဟာ သူ့အတွက် အင်မတန်အရေးပါတဲ့စာနှစ်စောင်ကို ရေးသားပေးပို့လိုက် ပါတယ်။ သူဟာ ပြန်စာကို ရပါ့မလား ဆိုတာကိုတော့ စောင့်မျှော်နားဆင်ပါ။
(၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ပါ)