Takasebune - အပိုင်း (၂)
သမိုင်းနောက်ခံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Takasebune တာကာ့စဲလှေ ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ဂျပန်စာပေလောကမှာ သြဇာတိက္ကမကြီးမားလှတဲ့ စာရေးဆရာ အိုဂါမိ မိုရိ (Ogami Mori) ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာ အဲဒီဇာတ်လမ်းရဲ့ ဒုတိယအပိုင်းကို တင်ဆက်မှာပါ။ ဂျပန်မှာ အဆင့်အတန်းခွဲခြားထားတဲ့စနစ်ထွန်းကားတဲ့ အဲဒိုခေတ်အတွင်း ၁၈ ရာစုကုန်ခါနီးကာလကို ဇာတ်အိမ်တည်ထားတာပါ။ ကိစုကဲ့ (Kisuke) ဆိုတဲ့ ရာဇဝတ်သားဟာ သူ့ကို အစောင့်အဖြစ် လိုက်ပါလာတဲ့ အရာရှိတစ်ယောက်နဲ့အတူ လှေပေါ်မှာ လိုက်ပါလာခဲ့ပါတယ်၊ ရာထူးနိမ့်တဲ့ ဆာမူရိုင်းအရာရှိ ရှိုးဘီး ဟာနဲဒါ့ (Shō-bée Haneda) ဟာ ရိုးသားပြီး စည်းစနစ်ကြီးလှတဲ့ ကိစုကဲ့ရဲ့ အေးဆေးငြိမ်သက်မှုကို အရမ်းစိတ်ဝင်စားပြီး ညီဖြစ်သူကို သတ်တဲ့အမှုနဲ့ စွဲချက်တင်ခံရတာ ဘာကြောင့်လဲဆိုတာကို မမေးရင် မနေနိုင်ဖြစ်ခဲ့ပါတယ်။ ကိစုကဲ့ ဟာအဖြစ်အပျက်အသေးစိတ်ကို တည်ငြိမ်တဲ့ လေသံနဲ့ ပြောပါတော့တယ်။ (၂၀၁၉ ခုနှစ် ဧပြီ ၂၇ ရက်က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်)