Takasebune - အပိုင်း (၁)
လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ဂျပန့်စာပေလောကမှာ သြဇာတိက္ကမ ကြီးမားလှတဲ့ စာရေးဆရာ အိုဂါ့အိ မိုရိ (Ogai Mori) ဟာ သမိုင်းနောက်ခံစိတ်ကူးယဥ်ဝတ္ထု Takasebune တာကာ့စဲလှေ ကို ရေးသားခဲ့ပါတယ်။ ဂျပန်မှာ အဆင့်ခွဲခြားသတ်မှတ်မှုရှိခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသရာရောက်တဲ့ အဲဒိုခေတ် ၁၈ ရာစုအကုန် ပတ်ဝန်းကျင်ကာလကို ဇာတ်အိမ်တည်ထားတဲ့ဝတ္ထုကို ပထမပိုင်းအနေနဲ့ တင်ဆက်သွားပါမယ်။ တစ်နေ့မှာ ဝေးလံခေါင်ဖျားကျွန်းကို နယ်နှင်ဒဏ် ခံရမယ့် ရာဇဝတ်သားတစ်ယောက်ဟာ အဲဒီကျွန်းနဲ့နီးတဲ့ ဆိပ်ကမ်းမှာ ရာဇဝတ်သားတွေကို တင်ဆောင်သွားမယ့် တာကာ့စဲလှေ ပေါ်တက်လိုက်ပါတယ်။ သူဟာ ပိန်လှီပြီးအသားအရေဟာ ဖြူဖပ်ဖြူရော်နဲ့ပါ။ သူဟာ မတုန်မလှုပ်ဘဲ ကံကြမ္မာကို ရင်ဆိုင်ဖို့ အသင့်ရှိနေပုံပါပဲ။ အစောင့်က သူ့ကိုမေးတဲ့ မေးခွန်းတွေရဲ့အဖြေတွေဟာ အံ့အားသင့်စရာပါပဲ။
(၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)