တရားသူကြီး ဝါကာ့စုဂိ - အပိုင်း (၃)
စာရေးဆရာ ခန်း ကိကုချိ ရဲ့ လက်ရာ တရားသူကြီး ဝါကာ့စုဂိ ဝတ္ထုကို ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်ပေးလာခဲ့ပါတယ်။ တရားခွင်မှာ အင်မတန်ကို လူသားဆန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့အတွက် တရားသူကြီး ဝါကာ့စုဂိ ဟာ အလွန် ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ အဲဒါနဲ့ တစ်ချိန်တည်းမှာပဲ ဇီဂိုမာ (Zigomar) ရုပ်ရှင်တွေဟာ လူငယ်ယောက်ျားလေးတွေအပေါ် လွှမ်းမိုးခဲ့ပြီး အဲဒီ ဇီဂိုမာ အလယ်တန်းကျောင်းရာဇဝတ်မှု ဇာတ်လမ်းတွဲတွေမှာပါတဲ့အတိုင်း ပုံတူကူးကာ လိုက်လုပ်ခဲ့ကြပါတယ်။ ဒီလိုမျိုး မူမမှန်တဲ့အမှုကို စီရင်ဖို့  တရားသူကြီး ဝါကာ့စုဂိ ကြုံခဲ့ရပါတော့တယ်။