တရားသူကြီး ဝါကာ့စုဂိ - အပိုင်း (၂)
စာရေးဆရာ ခန်း ကိကုချိ  ရဲ့ လက်ရာ တရားသူကြီး  ဝါကာ့စုဂိ ဝတ္ထုကို ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်ပေးလာခဲ့ပါတယ်။ တရားသူကြီး ဝါကာ့စုဂိ ဟာ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ရာမှာ နာမည်ကြီးလှပါတယ်။ အထူးသဖြင့် စွပ်စွဲခံရသူ ကျူးလွန်တဲ့ရာဇဝတ်မှုမှာ စာနာဖွယ်ရာ ပတ်ဝန်းကျင်အခြေအနေတွေရှိလို့ရှိရင် အဲဒီလိုချမှတ်ပါတယ်။ အဲဒီလိုဖြစ်ရတာက သူဟာ ငယ်စဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့တဲ့ အကြောင်းအချက်ကြောင့် ဖြစ်နိုင်ပါတယ်။ ကျောင်းသားဘဝတုန်းက တရားမျှတမှုရှိရမယ်ဆိုတဲ့စိတ်က ပြင်းပြလွန်းအားကြီးတဲ့အတွက် တရားမျှတမှုမရှိတာတွေအပေါ် မျက်ကွယ်မပြုနိုင်ခဲ့တာက ဥပဒေပညာသင်ယူလေ့လာဖို့ ဖြစ်လာစေခဲ့ပါတယ်။ ဘယ်သူကိုမှ မမှန်မကန် စွပ်စွဲတာမျိုးမပြုသင့်ဘူးဆိုတဲ့ အခြေခံစည်းမျဉ်းကြောင့် သူဟာ လူပုဂ္ဂိုလ်ထက် ဖြစ်ပွားတဲ့ရာဇဝတ်မှုကို အပြစ်တင်ရမယ်ဆိုတာကို ခိုင်ခိုင်မာမာယုံကြည်တဲ့သူပါ။