တရားသူကြီး ဝါကာ့စုဂိ - အပိုင်း (၁)
၂၀ ရာစု ပထမပိုင်းရာစုဝက်မှာ ထင်ရှားကျော်ကြားလာခဲ့တဲ့ စာရေးဆရာ၊ ပြဇာတ်ရေးဆရာ ခန်း ကိကုချိ (Kan Kikuchi) ကို ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက် ပေးပါမယ်။ မူလတန်းကျောင်းတစ်ကျောင်းက အုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်နေခဲ့တဲ့ ဖခင်ဖြစ်သူနဲ့အတူ ကိကုချိ ဟာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လေ့လာသင်ယူလိုစိတ် ပြင်းပြတဲ့ ကိကုချိဟာ ကျိုတိုဘုရင့်တက္ကသိုလ်မှာ အင်္ဂလိပ်ခေတ်သစ်ပြဇာတ်ကို လေ့လာဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ ပုံနှိပ်ထုတ်ဝေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Bungei Shunju ကို ထူထောင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ အဖိုးတန်အဆင့်မြင့်လှတဲ့  Akutagawa Prize နဲ့  Naoki Prize ဆုတို့ကို တီထွင်ပြီး စာပေနဲ့ ဂျပန်ဘာသာနဲ့ စာအုပ်ထုတ်ဝေရေးမှာ ထူးထူးခြားခြား ပြောင်မြောက်သူတွေကို ချီးမြှင့်တဲ့ဆုတွေဖြစ်ပါတယ်။ ခန်း ကိကုချိရဲ့  "Chief Judge Wakasugi" လို့ခေါ်တဲ့ ဝတ္ထုကို အခုကနေစပြီး သီတင်း ၃ ပတ်ကြာ တင်ဆက်သွားပါမယ်။