ကောက်ရိုးဦးထုပ် အပိုင်း (၂)
ဇန်နဝါရီလထဲမှာ စာရေးဆရာ Shugoro Yamamoto ရဲ့ လက်ရာ တစ်ပုဒ်ဖြစ်တဲ့  ကောက်ရိုးဦးထုပ်ကို တင်ဆက်ပါတယ်။ ဇာတ်လမ်း ဒုတိယပိုင်းမှာတော့ ရေပူစမ်းတည်းခိုခန်းတစ်ခုရှိတဲ့ပင်လယ်ရွာတစ်ရွာကို သွားရောက်လည်ပတ်တဲ့ ခရီးသွား အိုနိုဒါဟာ ပင်လယ်ကမ်းခြေမှာ ငါးဖမ်းနေတဲ့ အဖိုးအိုတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအဖိုးအိုက သူ ငယ်စဉ်ကအကြောင်း၊ သူအခုအထိ ဆောင်းထားတဲ့ ဦးထုပ်ဟာ အရင်က သူနဲ့ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေး ပေးထားတာဆိုတဲ့ အကြောင်းတွေကို မမေးပါဘဲနဲ့ ပြောပြခဲ့ပါတယ်။ ခရီးသွား အိုနိုဒါက သူ့တည်းခိုခန်းကို ပြန်သွားပြီးတဲ့နောက်မှာတော့ အဖိုးအို သူ့ကို ပြောပြခဲ့တဲ့ ဇာတ်လမ်းဟာ တကယ်မဟုတ်ဘဲ လုပ်ကြံထားတဲ့ ဇာတ်လမ်းတစ်ခု ဆိုတာကို ဟိုတယ်ဝန်ထမ်းမိန်းကလေး ပြောပြလို့ သိခဲ့ရပြီး စိတ်မသက်မသာ ဖြစ်သွားခဲ့ရပါတယ်။