ကောက်ရိုးဦးထုပ် အပိုင်း (၁)
ဇန်နဝါရီလထဲမှာ စာရေးဆရာ Shugoro Yamamoto ရဲ့ လက်ရာ တစ်ပုဒ်ဖြစ်တဲ့  ကောက်ရိုးဦးထုပ်ကို တင်ဆက်ပါတယ်။ ဂျပန်မှာ အကျော်ကြားဆုံးသော ၀တ္ထုရေးဆရာတွေထဲက တစ်ဦးဖြစ်တဲ့ Shugoro Yammoto ဟာ ဂျပန်ရဲ့ ခေတ်ပေါ်စာပေနယ်ပယ်မှာလည်း ကမ္ဗည်းတင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ကောက်ရိုးဦးထုပ်ကို ၁၉၃၄ ခုနှစ်က မဂ္ဂဇင်းတစ်ခုမှာ အခန်းဆက်အဖြစ် ပထမဦးဆုံးဖော်ပြခဲ့ပါတယ်။ ရာဇဝင်ဇာတ်လမ်း လမ်းကြောင်းကနေ ဖယ်ခွာပြီး ခေတ်ပြိုင်လက်ရာ တွေကို အလေးထားရေးသားတဲ့ဆီ စတင်ကူးပြောင်းချိန်မှာ အဲဒီ၀တ္ထုကို ရေးသားခဲ့တာဖြစ်ပါတယ်။ လူသားတွေရဲ့ စိတ်နှလုံးသားရဲ့ရှုပ်ထွေးတဲ့ ခံစားချက်တွေကို ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့ထားတဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဒီ၀တ္ထုဟာ ပင်လယ်ကမ်းခြေက ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပြီး သူ့ရဲ့ ကောက်ရိုးဦးထုပ်နဲ့ ဆက်စပ်နေတဲ့ အတိတ်က အဖိုးမဖြတ်နိုင်တဲ့ သတိရစရာတွေကို ပြောပြတဲ့ အဖိုးအိုတစ်ဦးကို သရုပ်ဖော်ထားပါတယ်။