လမ်းဘေးဖျော်ဖြေပွဲတွေအတွက် မွေးဖွားလာသူ
ဂျပန့်အလုပ် အဘိဓာန် အစီအစဉ်ကနေ အလုပ်ခွင်အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လာတဲ့သူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝအခြေအနေတွေကို မိတ်ဆက်ပေးနေပါတယ်။ အခုတစ်ကြိမ်မှာတော့ တိုကျိုမှာ လမ်းဘေးဖျော်ဖြေမှုတွေ ပြုလုပ်နေတဲ့ ဗြိတိန်နိုင်ငံဖွား လမ်းပေါ်ကသရုပ်ဆောင် Chris Peters အကြောင်း နားဆင်ကြည့်ကြရပါမယ်။ (၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
အသက် ၅၁ အရွယ် Chris ဟာ ဂျပန်မှာ အခြေစိုက်နေထိုင်ပေမဲ့လည်း ကမ္ဘာတစ်ဝန်းမှာ ဖျော်ဖြေပွဲအမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်။
ဖျော်ဖြေပွဲအတွက် ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေတဲ့ ဒီသေတ္တာဟာ သူနဲ့ အမြဲမကွာရှိနေတဲ့ သစ္စာရှိတဲ့အဖော်မွန်ပါ။
Chris ဟာ ၁၉၉၈ ခုနှစ်မှာ ဂျပန်နိုင်ငံကိုရောက်လာခဲ့ပြီး သူ့ရဲ့ဂျပန်လုပ်ဖော်ကိုင်ဖက် K-Bow (ဝဲ) နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ ၂၀၀၂ ခုနှစ်မှာ Funny Bones အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
သူတို့ရဲ့ "Mr. Zombie" သရုပ်ဖော်မှုက ပရိသတ်တွေအကြား ရေပန်းအစားဆုံးပါ။ Chris နဲ့ K-Bow တို့ဟာ "Zombies" ပုံစံ ဧရာမဝတ်ရုံကြီးတွေကို ဝတ်ဆင်ပြီး ဖျော်ဖြေကြပါတယ်။